Social Icons

twitterfacebookgoogle pluslinkedinrss feedemail

Thursday, December 5, 2013

Orbit Digital Fashion

Orbit Digital Fashion ဆိုင်ကို အမှတ် ( ၃၉/၄၁ )၊ မောင်ခိုင်လမ်း (အောက်)၊ လသာမြို့နယ်မှာ ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Mobile Phone အပါအ၀င် Digital IT ပစ0x081စည်း အသုံးပြုသူများအတွက် လိုအပ်သော ၀န်ဆောင်မှုများ ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် အောက်တိုဘာလမှ အစပြုလို့ Mobile Phone နဲ့ပတ်သတ်တဲ့ ၀န်ဆောင်မှု လုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပါတယ်။ အထူးသဖြင့် Multimedia Services အပိုင်းမှာ Pioneer (ရှေ့ဆောင် ) အနေနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Repairing Services၊ Firmware Services၊ စသည်ဖြင့် ဖုန်းပြင်တဲ့ အပိုင်းမှာလဲ အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်အောင် ကြိုးစားခဲ့ပါတယ်။ Orbit ကို စတင်ဖွင့်လှစ်ခဲ့တဲ့ အချိန်ကစလို့ ပစ0x081စည်းတွေအားလုံးကို အရည်အသွေး ကောင်းမွန်တာတွေကိုပဲ ရွေးချယ်တင်သွင်း ရောင်းချပေးခဲ့ပါတယ်။ GSM Phone တွေကိုလဲ ပထမဆုံး Warranty (အာမခံ) တစ်နှစ်အထိပေးပြီး သုံးစွဲသူ (Customer) များကို စိတ်ကျေနပ်စေခဲ့ပါတယ်။ အပိုပစ0x081စည်းများကအစ အရည်အသွေး ကောင်းမွန်တဲ့ ထိုင်းနိုင်ငံကနေ တင်သွင်းရောင်းချပေးခဲ့ပါတယ်။၂၀၀၆ ခုနှစ် ဧပြီလမှာတော့ မကွေးတိုင်း၊ မကွေးမြို့မှာ Orbit ရဲ့ ပထမဆုံးသော ဆိုင်ခွဲကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလမှာ ရန်ကုန်မြို့၊ မန0x081တလေးမြို့တွေမှာသာ ဖုန်းနဲ့ ပတ်သတ်တဲ့ ၀န်ဆောင်မှုတွေကို ရရှိနိုင်သေးတာပါ။ အဲ့ဒီအတွက် အခြားမြို့ကြီးများမှာ နေထိုင်ကြတဲ့ သုံးစွဲသူများရဲ့ လိုအပ်ချက်များကို ၀န်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။၂၀၀၈ ခုနှစ် ဇန်နဝါရီလမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နဲ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ မကွေးတိုင်း၊ အောင်လံမြို့တို့မှာအပြင် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလမှာ ရန်ကုန်မြို့၊ ကမ0x081ဘာအေးဘုရားရှေ့ရှိ ဂမုန်းပွင့် ရှော့ပင်းမောလ်မှာလည်း Orbit ဆိုင်ခွဲတွေကို ဖွင့်လှစ်ခဲ့ပါတယ်။ ဆိုင်ခွဲတွေ ဖြစ်ပေမယ့်လည်း ပေးတဲ့ဝန်ဆောင်မှု၊ ရောင်းချပေးတဲ့ ပစ0x081စည်းအရည်အသွေးနဲ့ ဈေးနှုန်းတွေကအစ ဆိုင်အားလုံး တပြေးညီဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် One Time Prepaid Sim Card တွေ၊ Top-up Bill Card တွေကိုလည်း သတ်မှတ်ဈေးနှုန်းများအတိုင်း မှန်ကန်စွာ ရောင်းချပေးခဲ့ပတယ်။ အဲ့ဒါကြောင့်လည်း သုံးစွဲသူများရဲ့ အားပေးထောက်ခံမှုကို အပြည့်အ၀ ရရှိခဲ့ပါတယ်။မြန်မာနိုင်ငံမှာ ဖုန်းတွေကို ဆက်တိုက်ဆိုသလို ချထားပေးတဲ့အတွက် ဖုန်းသုံးစွဲသူ ဦးရေဟာလည်း တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလာခဲ့ပါတယ်။ သုံးစွဲသူများလာတာနဲ့ အမျှ ၀န်ဆောင်မှုပေးနိုင်ဖို့က ပိုမိုလိုအပ်လာပါတယ်။ အဲ့ဒါကြောင့် ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရန်ကုန်မြို့၊ လှည်းတန်းမီးပွိုင့် အနီးမှာ ဆဌမမြောက်ဆိုင်ခွဲကို ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း နောက်ထပ်ဆိုင်ခွဲတွေကို ထပ်မံဖွင့်လှစ်ပြီးတော့ Customer များအတွက် လိုအပ်နေတဲ့ ဝန်ဆောင်မှုများကို ပိုမိုပေးအပ်နိုင်အောင်ကြိုးစားသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆိုင်ခွဲတွေအားလုံးကို Orbit Digital Fashion အမည်နဲ့ပဲ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text